


ချေးငွေများ
ဘာ့ကြောင့်ရွေးချယ်သင့်သလဲ?

လူမေးများသည့်မေးခွန်းများ
မေး - HP စနစ်နဲ့အိမ်ဝယ်ချင်ပါတယ်။ ဘယ်လိုအချက်အလက်တွေလိုပါသလဲ။
ဖြေ – လူကြီးမင်း၏ ဝင်ငွေရရှိကြောင်း အထောက်အထားများ တင်ပြရန် လိုအပ်ပါသည်။ ဝယ်ယူမည့် အိမ်တန်ဖိုးအား လစဉ်အရင်းနှင့် အတိုးများ ပေးသွင်းရန်အတွက် လုံလောက်မှု့ ရှိရန် လိုအပ်ပါသည်။
မေး - ဝင်ငွေကတော့ရှိတယ်။ဒါပေမဲ့ သင်္ဘောသားဖြစ်နေတော့ ဘယ်လိုစာရွက်စာတမ်းတွေ ပေးရမလဲ။
ဖြေ – သင်္ဘောသားဆိုင်ရာ စာရွက်စာတမ်းများ/ အနီးစပ်ဆုံး (1)နှစ်အတွင်း လစာရရှိထားသော အထောက်အထားများ (Bank Statement, Pay Slip) များ တင်ပြရန်နှင့် အခြားလုပ်ငန်း၊ အာမခံများ ပေးအပ်နိုင်ပါက တင်ပြရန်
(ဥပမာ။ ကား၊မြေနှင့်အဆောက်အဦး)
မေး - HP စနစ်ဖြင့် ဝယ်ယူနိုင်မည့် ဆိုင်စာရင်းတွေကို ဘယ်ကသိနိုင်မလဲ။ လက်ကမ်းစာစောင် ရှိပါသလား။
ဖြေ – မိမိတို့၏ Pristine Global Finance Company ရုံးခန်း (သို့) Pristine Global Finance Website တို့တွင် ကြော်ငြာပေး သွားပါမည်။